|
လက်ရှိအချိန်မှာ ကျနော်တို့ဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်နားလည်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဘာတွေ ခံစားနေရသလဲ၊ ကျနော်တို့ ခံစားနေရတာတွေဟာ ဘယ်ဆီ ဦးတည်နေသလဲကို သိဖို့ အရေးကြီးလာသလို ကျနော်တို့ ခံစားချက်တွေဟာ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် အန္တရယ်ရှိလာနေသလားဆိုတာသိဖို့လည်း လိုအပ်လာပါတယ်။ ဒီ အင်တာဗျူးမှာတော့ ခု တော်လှန်ရေးကာလမှာ လူတွေ ခံစားနေရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေ၊ လက္ခဏာရပ်တွေ၊ ပြီးတော့ ဒါတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ စိတ်ကျန်းမာရေး ပညာရှင် ဆရာမ ဂျူးဂျူးမင်းသူနဲ့ မေးမြန်းထားပါတယ်။ |