Search

Home > Mratt's Podcast > #14 - လူထုက ဘယ်သူ့နောက် လိုက်ရမှာလဲ
Podcast: Mratt's Podcast
Episode:

#14 - လူထုက ဘယ်သူ့နောက် လိုက်ရမှာလဲ

Category: Society & Culture
Duration: 01:10:13
Publish Date: 2023-04-26 21:12:42
Description:

တော်လှန်ရေးကို ရက်ချိန်းပေးလို့ ရပါသလား။ တချို့က ခဏတိုင်း ‘မိုတီ’ ပေးနေရမည် ဆိုသည်။ တချို့က မျှော်လင့်ချက်အမှားများ မပေးကြနှင့်ဟု ဆိုသည်။ အာဏာရှင်ကို တိုက်ကြသူအချင်းချင်း တော်လှန်ရေးတပ်ဖွဲ့များက ညည်းညူကြသလို ဦးဆောင်သူများကလည်း အကြောင်းပြချက်များ ပေးနေကြသည်ဟု ဝေဖန်ကြပြန်သည်။ စားသောက်ကုန်များ ဝယ်စုထားဆိုပါက လူထုက မဆိုင်းမတွ ဝယ်ကြသည်။ တဖက်တွင် နိုင်သမျှ ထောက်ပို့ကြသေးသည်၊ ကလစ်ကြသည်။ သို့သော် အကွဲအပြဲသတင်းများ၊ တော်လှန်ရေးအဖွဲ့တချို့၏ လုပ်မှားကိုင်မှားများနှင့် အလွန်များပြားလှသည့် သတင်းများကြား ပြည်သူများ ဗျာများကြသည်။ တဖွဲ့က တမျိုးပြောလျှင် နောက်တစ်ဖွဲ့ထံက တသံထွက်လာတတ်သည်။ ရာသီဥတုဒဏ်၊ နေ့စဉ်စားဝတ်နေရေး အခက်အခဲကြား စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို ဆန့်ကျင်လိုကြသည့် ပြည်သူများမှာ တောင်ပြေး မြောက်လိုက် ဆိုသလို ဦးတည်ရာပန်းတိုင် လမ်းလွဲမသွားစေရေး ကြိုးစားနေရပြန်သည်။ ထိုအချိန်မျိုးတွင် ဦးဆောင်မှု တောင့်တနေသည့် ပြည်သူလူထုက ဘယ်သူ့စကားသံ နားထောင်ရမှန်းမသိ ဖြစ်လာတော့သည်။

--- Send in a voice message: https://podcasters.spotify.com/pod/show/mratt/message
Total Play: 0