|
မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို အပြင်းထန်ဆုံး ဖျက်ဆီးခဲ့ပြီးတော့ ၃ ရက်ကြာပြီးတဲ့ ဒီနေ့ထိ သေဆုံးစာရင်း၊ ဒဏ်ရာရစာရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဘယ်လောက်ထိ ရှိနေမလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ စစ်တွေမှာဆိုရင် မြို့ပေါ် မဟုတ်ဘဲ ပင်လယ်နဲ့နီးတဲ့ မွတ်ဆလင်ဒုက္ခသည် စခန်းတွေဟာ နဂိုကတည်းက လွတ်လပ်စွာ သွားလာခွင့်မရှိတာ၊ ကြိုတင်ကာကွယ်မှု အားနည်းတာနဲ့ လုံခြုံရာ ရှောင်တိမ်းနိုင်ဖို့ အဆင်မပြေတာတွေကြောင့် သေဆုံးတဲ့ အရေအတွက် များနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မုန်တိုင်းမလာမီ၊ မုန်တိုင်းလာပြီး အခြေအနေတွေနဲ့ နောက်ဆက်တွဲ ကယ်ဆယ်ရေးကိစ္စတွေကို စစ်တွေ၊ သက္ကေပြင် မွတ်ဆလင် ဒုက္ခသည်စခန်းက ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
---
Send in a voice message: https://podcasters.spotify.com/pod/show/mratt/message |